Pre-request

  1. Passport မူရင်း /  ဓါတ်ပုံပါတဲ့ Passport စာမျက်နှာ မိတ္တူ

  2. ရန်ကုန်(မန်းလေး)လေဆိပ် အဝင်တုံး ထုထားတဲ့ Passport စာမျက်နှာ မိတ္တူ

  3. ကိုယ်နေတဲ့ ပြည်ပနိုင်ငံက ထုတ်ပေးတဲ့ Work Visa မိတ္တူ

  4. မှတ်ပုံတင် မူရင်း / မိတ္တူ

  5. Passport photo ဓါတ်ပုံ ၁ ပုံ ( အောက်တွင် ပေးထားသည့် OWIC ကိုယ်ရေးအချက်အလက် Form တွင် ကပ်ရန် ဖြစ်သည်။ မပါသွားပါက ၈ မိုင်ရုံးနားတွင် ဓါတ်ပုံအမြန် ရိုက်ပေးသည့် ဆိုင်ရှိပါသည်)

  6. အလုပ်ရှင်မှ ခွင့်ဖြင့် နေရပ်သို့ပြန်ခွင့်ပြုသည့် ခွင့်စာ

  7. OWIC ကိုယ်ရေးအချက်အလက် Form

    owic-8mile.pdf

  8. OWIC form

    owic-card-form.pdf

Procedure

  1. Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရပါမည်။

  2. OWIC Card လုပ်ရပါမည်။

    1. ၈ မိုင် ရုံးတွင် ၂ ခုလုံး တနေရာထဲ နေ့ချင်းပီး လုပ်လို့ရပါသည်။
    2. Labour Card (ခေါ်) အလုပ်သမားကဒ် ကို မိမိ နေထိုင်ရာ မြို့နယ်တွင်လဲလုပ်လို့ရပါသည်။ အချိန်ရသူများ မိမိနေထိုင်ရာ မြို့နယ်တွင် လုပ်ထားပါက ၈ မိုင်ရုံးတွင် ထပ်လုပ်စရာ မလိုအပ်ပါ။
  3. ရန်ကုန်မြို့ ၈မိုင် အလုပ်သမားရုံး နေရာ

    Screenshot 2025-08-17 at 12.27.34 PM.png

  4. Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရန်

    1. မှတ်ပုံတင် မူရင်း နှင့် မိတ္တူ
    2. အမည်/အဘအမည်/လိပ်စာ/အလုပ်အကိုင် တို့ကို မှတ်ပုံတင် မိတ္တူ စာရွက်အနောက်တွက် ရေးပေးပီးလျှင်
    3. Labour Card ရုံး ကောင်တာတွင် ထပ်ထားရပါမည်။ နာမည်ခေါ်လျှင် Labour card ဖိုး  ၅၀၀ (သို့ ) ၁,၀၀၀ ကျပ် ပေးသွင်း / လက်ဗွေနှိပ် ပီးလျှင် Labour Card ထုတ်ပေးပါမည်။
  5. OWIC Card လုပ်ရန်

    1. အပေါ်တွင်ပေးထားသည့် အမှတ် ၁ မှ ၈ ထိ စာရွက်စာတန်းများနှင့်
    2. Labour Card ကို OWIC Card ရုံး တွင် ထပ်ထားရပါမည်။ တိုကင် နံပါတ်ပြန်ထုတ်ပေးလိမ့်မည်။
    3. တိုကင်နံပါတ်ခေါ်လျှင် OWIC ရုံးသို့  စာရွက်စာတမ်း စစ်ပြီး ၈,၀၀၀ (သို့) ၁၀,၀၀၀ ငွေသွင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ မျက်လုံး Scan ဖတ်၊ နာရီ၀က်/တနာရီလောက် စောင့်ပြီးရင် OWIC Card ရပါပြီ။

မှတ်ချက်- Labour Card ရုံး နှင့် OWIC Card ရုံးသည် မနက် ၉ ခွဲ တွင် Form တင်ရန် တချိန်ထဲ ခေါ်သည့်အတွက် တယောက်ထဲ သွားသူများ Labour Card ပီးမှ OWIC Card လုပ်ရန် (သို့မဟုတ်) Labour Card ကို မိမိနေထိုင်ရာ မြို့နယ်တွင် အရင်လုပ်ထားရန် အကြံ ပေးပါသည်။

နောက်ဆုံးရရှိတဲ့ အချက်အလက်ရ လစာ 25% ကို မြန်မာသို့ တရားဝင်ငွေလွှဲထားသော အထောက်အထား တခုခုပါမှသာ ခွင့်ပြန်များ OWIC လုပ်ခွင့်ပြုသည်ဟု သိရပါသည်။