Passport မူရင်း / ဓါတ်ပုံပါတဲ့ Passport စာမျက်နှာ မိတ္တူ
ရန်ကုန်(မန်းလေး)လေဆိပ် အဝင်တုံး ထုထားတဲ့ Passport စာမျက်နှာ မိတ္တူ
ကိုယ်နေတဲ့ ပြည်ပနိုင်ငံက ထုတ်ပေးတဲ့ Work Visa မိတ္တူ
မှတ်ပုံတင် မူရင်း / မိတ္တူ
Passport photo ဓါတ်ပုံ ၁ ပုံ ( အောက်တွင် ပေးထားသည့် OWIC ကိုယ်ရေးအချက်အလက် Form တွင် ကပ်ရန် ဖြစ်သည်။ မပါသွားပါက ၈ မိုင်ရုံးနားတွင် ဓါတ်ပုံအမြန် ရိုက်ပေးသည့် ဆိုင်ရှိပါသည်)
အလုပ်ရှင်မှ ခွင့်ဖြင့် နေရပ်သို့ပြန်ခွင့်ပြုသည့် ခွင့်စာ
OWIC ကိုယ်ရေးအချက်အလက် Form
OWIC form
Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရပါမည်။
OWIC Card လုပ်ရပါမည်။
ရန်ကုန်မြို့ ၈မိုင် အလုပ်သမားရုံး နေရာ

Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရန်
OWIC Card လုပ်ရန်
မှတ်ချက်- Labour Card ရုံး နှင့် OWIC Card ရုံးသည် မနက် ၉ ခွဲ တွင် Form တင်ရန် တချိန်ထဲ ခေါ်သည့်အတွက် တယောက်ထဲ သွားသူများ Labour Card ပီးမှ OWIC Card လုပ်ရန် (သို့မဟုတ်) Labour Card ကို မိမိနေထိုင်ရာ မြို့နယ်တွင် အရင်လုပ်ထားရန် အကြံ ပေးပါသည်။
နောက်ဆုံးရရှိတဲ့ အချက်အလက်ရ လစာ 25% ကို မြန်မာသို့ တရားဝင်ငွေလွှဲထားသော အထောက်အထား တခုခုပါမှသာ ခွင့်ပြန်များ OWIC လုပ်ခွင့်ပြုသည်ဟု သိရပါသည်။